မျက်နှာပြင်ဖတ် အတတ်ပညာ

စျေးနှုန်း

ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 1,000,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $691.09 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။

သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။

  • Pro ( အလယ်တန်းအသင်းဝင်အဆင့် ) - အသင်းဝင်ကြေး လစဉ် ( 50,000 ) ကျပ် ( $34.85 )
  • Master ( အထက်တန်းအသင်းဝင်အဆင့် ) - အသင်းဝင်ကြေး လစဉ် ( 70,000 ) ကျပ် ( $48.66 )
သင်တန်းအကြောင်း

ဒီသင်တန်းဟာ လူတစ်ယောက်ရဲ့ မျက်နှာပြင်ကို ကြည့်လိုက်ရုံနဲ့ အဲဒီလူရဲ့စိတ်နေစိတ်ထား၊ ကံတရား စတာတွေကို လေ့လာအကဲဖြတ်နိုင်ဖို့အတွက် ရူပသျှတ္တရ လို့ခေါ်တဲ့ မျက်နှာပြင်ဖတ်အတတ်ပညာသင်တန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်က ဗေဒင်ပညာရှင်ဖြစ်ထားပါလျှက် လူတစ်ယောက်ရဲ မျက်နှာရိပ်၊ မျက်နှာကဲကိုမှ အကဲမဖမ်းတတ်ဘူးဆိုရင် ဒါဟာ မဟုတ်သေးပါဘူး။ ဒီသင်တန်းမှာ လူတစ်ယောက်ရဲ့ မျက်နှာကို အကဲခတ်နိုင်ဖို့၊ ကံတရားကို ဆုံးဖြတ်နိုင်ဖို့ နည်းလမ်းကောင်းတွေကို အထူးအသားပေးပြီးသင်ပြသွားမှာဆိုပေမယ့် ကျနော်အချိန်ရရင် ရသလို ... တခြားအတတ်ပညာတွေကိုပါ ပေါင်းထည့်ပြီး သင်ကြားပြသပေးသွားပါမယ်။ တကယ်တော့ ဒီသင်တန်းကို ကျနော်မလုပ်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ ပုံပေါင်းများစွာကို အသုံးပြုရမှာမို့လို့ပါ။ Website တစ်ခုဟာ ပုံတွေ အရမ်းသုံးလာပြီဆိုရင် အသုံးပြုသူတွေအတွက် လေးလံသွားတတ်ပါတယ်။ ဒါ့အပြင် အချိန်မအားရတဲ့အထဲမှာ ပုံတွေကို စနစ်တကျ ပြန်လည်ရေးဆွဲရတာမျိုး၊ ပြုပြင်မွမ်းမံရတာမျိုးတွေက ကျနော့်အတွက် ပိုပြီး အချိန်ပေးရပါတယ်။ အင်တာနက်ကပုံတွေ ယူသုံးလို့ မရဘူးလားဆိုရင် အဲဒီလိုယူသုံးလို့ ပုံတိုင်းဟာ မရနိုင်ပါဘူး။ Copyright တွေ ညှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကြိုးစားရေးဆွဲရမှာပါ။ သိပ်တော့ မလွယ်ပါဘူး။


အခု လောလောဆယ်သင်တန်းကို ... 

Mian Xiang လို့ခေါ်တဲ့ တရုတ်မျက်နှာပြင်ဖတ်အတတ်ပညာနဲ့ စတင်ဖွင့်လှစ်ထားပါတယ်။
နောက်ပိုင်းမှာ ... ကျနော်တို့ မြန်မာတွေ အသုံးပြုတဲ့နည်းလမ်းတွေ၊ အနောက်တိုင်းပညာရှင်တွေအသုံးပြုတဲ့နည်းလမ်းတွေ ... စသဖြင့် နည်းစနစ်ပေါင်းများစွာကို ဝေဝေဆာဆာနဲ့ တင်ပြပေးသွားဖို့ရှိပါတယ်။

လူတစ်ယောက် မျက်တောင်ပုံမှန်ခတ်နေရာကနေ ရုတ်တရက် မခတ်တော့ဘူးဖြစ်သွားတယ်။ အဲဒါ ... သူဘာဖြစ်သွားတာလဲ?
မျက်တောင်မခတ်ရတော့ခြင်းရဲ့ အကြောင်းတရားတွေက များစွာ ရှိနိုင်ပါတယ်။ ဥပမာ ... လူတစ်ယောက် ရုတ်တရက် လန့်ပြီးသေသွားရင်လည်း မျက်တောင်မခတ်တော့ပါဘူး။ ဒါပေမယ့် ကိုယ့်ရှေ့က လူက မသေသေးဘူးလေ ... ဒီတော့ ဘာဖြစ်မလဲ? အဖြေက ... သူ ... ဒေါသဖြစ်နေတာလည်းဖြစ်နိုင်တယ်။ အံ့ဩနေတာလည်းဖြစ်နိုင်တယ်။ ကြေကွဲနေတာလည်းဖြစ်နိုင်တယ်။ ဒါတွေအားလုံးက မျက်တောင်မခတ်တော့တဲ့ အခြေအနေတစ်ခုမှာ ဖြစ်နေတတ်တဲ့ စိတ်သဘာ၀တွေပဲ ... ဒါပေမယ့် ရံခါ ... အဲဒီလို မျက်တောင်မခတ်တော့တာက တွေဝေနေတာ၊ စိတ်ပြန့်လွင့်နေတာ၊ တစ်ခုခုကို စိတ်ဝင်စားသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ အဲဒီလို များစွာသောအကြောင်းထဲက အဖြစ်နိုင်ဆုံးတစ်ခုကို ရွေးထုတ်ဖို့ဟာ နည်းပညာလိုအပ်လာပါတယ်။ ဥပမာ ... ကိုယ်က ဘာပြောလိုက်မိလို့လဲဆိုတာမျိုး ... ဒါမှမဟုတ် ... သူ မျက်မှောင်ကျုံ့နေသလားဆိုတာမျိုး၊ သူရဲ့မျက်လုံးတွေဟာ ပိုပြီး တောက်ပနေသလား? မှုန်မှိုင်းနေသလားဆိုတာမျိုးတွေကို တွဲစပ်ပြီး ကောက်ချက်ချနိုင်ပါတယ်။ ဥပမာဗျာ ... မျက်မှောင်ကျုံ့တယ်ဆိုပါစို့ ... အဲဒါကလည်း တခုခုကို တွေးတောနေတာ၊ စဉ်းစားနေတာ၊ ဇဝေဇဝါဖြစ်နေတာ၊ စူးစမ်းချင်တာ၊ မကျေနပ်ချက်ရှိနေတာ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီပညာတတ်ထားရင် ကောက်ချက်ချရတာ မခက်ပါဘူး။ အရမ်းကို လွယ်ကူပါတယ်။

ကျနော်တို့ မျက်နှာပြင်ပေါ်မှာ မှဲ့ပါရင် မှဲ့သျှတ္တရကျမ်းတွေကြည့်ပြီး အဟောတွေဘာတွေထုတ်တတ်ကြတယ်မဟုတ်လား ... အဲဒါက ပုံသေနည်းဆန်ပြီး ပညာလည်း မပါလှပါဘူး။ ပြီးတော့ ကျမ်းထဲမပြတဲ့နေရာတွေမှာ မှဲ့ပါနေရင် ဟောရခက်ကုန်တာပဲ။ ဒါမျိုးဆို ရမ်းတုတ်တဲ့လူက ခပ်များများရယ် ... ဒီပညာတတ်ထားရင် မှဲ့မှ မဟုတ်ပါဘူး။ မျက်နှာပေါ်က ဒဏ်ရာတွေ၊ အဖုအထစ်တွေ၊ အမာရွတ်တေကအစ ထည့်သွင်းပြီး ပညာသားပါပါနဲ့ ဆုံးဖြတ်လို့ရပါတယ်။ ပညာတစ်ရပ်ဖြစ်နေတဲ့အတွက် အခြေခံကျကျ တတ်ထားရင်ကိုပဲ ...
ကောင်းကောင်း ဟောပြောတတ်ပါလိမ့်မယ်။ ဥပမာ ... လူတစ်ယောက်ရဲ့ နှာခေါင်းထိပ်သီးလေးက ကြည့်ရမစိုးဘူး။ လှပတယ်။ အရမ်းလည်း မချွန်လွန်းဘူး၊ ဝက်ခြံလိုအရာတွေ၊ ကျောက်ပေါက်မာတွေလည်း မရှိဘူးဆိုပါစို့ ... အဲဒါဘာကို ပြောတာလဲ? အဲဒီနေရာကို ချမ်းသာခြင်းအိမ် ( Wealth House ) လို့ခေါ်တယ်ဗျ။ ငွေကြေးဥစ္စာပြည့်ပြည့်စုံစုံနဲ့နေထိုင်ရမယ်။ ကြွယ်၀ချမ်းသာမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ။ ဟုတ်လို့လားဗျာ လို့ မမေးပါနဲ့။ မြေကြီးကို လက်နဲ့ခတ်ရင်ကိုပဲ လွဲပါလိမ့်မယ်။ အဖြေက မလွဲပါဘူး။
အဲဒီလို နှာသီးထိပ်ကလေး လှပတဲ့ လူတိုင်းဟာ အသက် ၄၈ နှစ်ကျော်တာနဲ့ကို ပွပေါက်တိုးတတ်ပါတယ်။ ပိုပြီးသေချာချင်ရင် နဖူးလေးကိုပါ အကဲခတ်လိုက်ပါ။ ဒါဆို စာချုပ်ချုပ်ပြီးတောင်မှ ဟောနိုင်ပါရဲ့ဗျာ။

ဒါတွေကို အခြေခံကျကျနဲ့ နားလည်ထားချင်ရင်တော့ ဒီသင်တန်းကို မြန်မြန်တက်ထားပါ။ ခင်ဗျားမတက်ခင် သင်တန်းစျေးတက်သွားရင်တော့လည်း ခင်ဗျားကံပဲပေါ့ ... ကျနော်ကတော့ တက်ချင်သူတွေရှိပါတယ်ဆိုလို့တော့ လုပ်ပေးလိုက်ပြီ။ 


ပြောထားပြီး မတတ်ဖြစ်တော့လည်း ... ကျနော် လုပ်ပေးနိုင်ခဲ့တယ်လို့ ဂုဏ်ယူရတော့မှာပါပဲ။

cards
Powered by paypal
သတိပြုရန်။ ။ နှုန်းထားများသည် အချိန်မရွေးပြောင်းလဲသွားနိုင်ပါသည်။