အဆင့်မြင့် ဂဏန်းဗေဒင်ပညာ

စျေးနှုန်း

ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 700,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $483.85 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။

သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။

  • Pro ( အလယ်တန်းအသင်းဝင်အဆင့် ) - အသင်းဝင်ကြေး လစဉ် ( 50,000 ) ကျပ် ( $34.85 )
  • Master ( အထက်တန်းအသင်းဝင်အဆင့် ) - အသင်းဝင်ကြေး လစဉ် ( 70,000 ) ကျပ် ( $48.66 )
သင်တန်းအကြောင်း

ဒီသင်တန်းမှာ အဓိကဦးစားပေးအနေနဲ့ Pythagorean Numerology ကို အခြေပြုပြီး သင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီသင်တန်းဟာ ရေတိုသင်တန်းမျိုးမဟုတ်တဲ့အတွက် နောက်ပိုင်းတွေဟာ ကိုင်ရိုဂဏန်းဗေဒင်လို့ခေါ်တဲ့ Chaldean Numerology စနစ်တွေ၊ Kabbalah Numerology စနစ်တွေ၊ Vedic Numerology စနစ်တွေ၊ Chinese Numerology စနစ်တွေကိုပါ ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။ ဒီတော့ ဒီသင်တန်းကို ရေရှည်တက်ရောက်နိုင်သူတွေဟာ ဒီပညာရပ်နဲ့ပတ်သက်ပြီး Professional ကျကျနားလည်တတ်မြောက်သွားစေမှာဖြစ်ပါတယ်။

တကယ်တော့ ... ဂဏန်းဗေဒင်ပညာဟာ တခြားဗေဒင်ပညာတွေနဲ့ ယှဉ်လိုက်ရင် အရမ်းကိုမှ လွယ်ကူလွန်းတဲ့ အတတ်ပညာတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ... အဲဒီလွယ်ကူပါတယ်ဆိုတဲ့ အတတ်ပညာကို လူတိုင်းဟာ လွယ်လင့်တကူပဲ လေ့လာထားတတ်ကြတဲ့အတွက် တကယ်တမ်း ပညာရှင်ခြင်း ယှဉ်လိုက်မယ်ဆိုရင် နားမလည်တာတွေ အများကြီး ရှိလာနိုင်ပါတယ်။ အထူးသဖြင့် ... ဂဏန်းဗေဒင်ပညာကို ကိုင်ရိုဂဏန်းဗေဒင်ပညာလောက်သာ တတ်ထားလိုက်ရုံနဲ့ ဆရာတဆူဖြစ်နိုင်တယ်ဆိုပေမယ့် Pythagorean ဂဏန်းဗေဒင်ပညာကို မတတ်ထားဘူးဆိုရင် တကယ့် တွက်ချက်မှုဆိုင်ရာ အနှစ်သာရတွေနဲ့ အဟောအပြော အယူအဆတွေကို ကောင်းကောင်း နားလည်ဦးမှာ မဟုတ်သေးပါဘူး။ 

123 = 6

321 = 6

213 = 6

အားလုံးဟာ လုံးချင်းဂဏန်း 6 တွေချည်းပါပဲ ... ဒီတော့ အဟောအရ အတူတူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လူတွေရဲ့ လက်တွေ့ ကံတရားက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ 123 ဆိုတဲ့ 6 က ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်ဖြစ်လာတယ်။ 321 ဆိုတဲ့ 6 က သာမန်ကူလီတစ်ယောက်ပဲ။ 213 ဆိုတဲ့ 6 က နာမည်ကြီးအဆိုတော်တစ်ယောက်ဖြစ်လာတယ်။ 6 ခြင်းတူပေမယ့် ဘ၀အကျိုးပေးမတူပါဘူး။ ဒါဟာ Pythagorean ဂဏန်းပညာကို ရေလည်အောင် မတတ်ထားရင် ရှင်းပြဖို့ခက်ပါတယ်။ တကယ်တတ်မြောက်ထားရင်တော့ ငှက်ပျောသီး အခွံခွာရတာကမှ ခက်နေပါဦးမယ်။ လွယ်လင့်တကူကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှာပါ။

ဒီတော့ ... ဂဏန်းဗေဒင်ပညာအကြောင်းကို အသေးစိတ်ပြောပါမယ်။ အဲဒါတွေဟာ ခင်ဗျားတို့နားလည်ထားပြီးသားတွေ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

ဒါပေမယ့် အခြေခံကနေစပြီး တဆင့်ခြင်း ရှင်းပြသွားမှာဖြစ်လို့ ... လူတိုင်း နားလည်လွယ်မယ်လို့ မျှော်လင့်ပါတယ်။

cards
Powered by paypal
သတိပြုရန်။ ။ နှုန်းထားများသည် အချိန်မရွေးပြောင်းလဲသွားနိုင်ပါသည်။