ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 1,000,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $691.09 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။
သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။
လက္ခဏာပညာဆိုတာ လူတစ်ယောက်ရဲ့လက်ဝါးပြင်ပေါ်က အရေးအကြောင်းတွေ၊ ဂြိုဟ်ခုံဂြိုဟ်ကွက်တွေ၊ လက်ဝါးအပြင် ပုံသဏ္ဍာန်၊ အရောင်အသွေး စတဲ့ အချက်အလက်တွေကို ဝေဖန်ဆန်းစစ်ပြီးမှ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား၊ ဘ၀ကံကြမ္မာကို သုံးသပ်ဆုံးဖြတ်ပေးရတဲ့ ပညာတစ်မျိုးဖြစ်ပါတယ်။
လက္ခဏာပညာကို အဓိကအားဖြင့် ပုံစံ (၃) မျိုး ခွဲခြားနိုင်ပါတယ်။
Chiromancy
လက်ဝါးပြင်ပေါ်မှာရှိတဲ့ လမ်းကြောင်းတွေ၊ ဂြိုဟ်ခုံတွေကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ
Chirognomy
လက်ဝါးရဲ့အသွင်အပြင်၊ ပုံသဏ္ဍာန်၊ အရွယ်အစား၊ လက်ချောင်း၊ လက်ဆစ် စတာတွေကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ
Dermatoglyphics
လက်ဝါးရဲ့ အရေပြားအရောင်အဆင်း၊ လက်ဗွေ၊ အကြောယှက်နွယ်မှု စတာတွေကို အသေးစိတ်လေ့လာပြီးမှ ဟောရတဲ့ပညာ
ဒီသင်တန်းမှာကတော့ အဲဒီ ပညာရပ်ဆိုင်ရာ အချက်အလက်အားလုံးကို စနစ်တကျလေ့လာသွားမှာဖြစ်သလို၊ လက္ခဏာပညာရှင်တစ်ယောက်ထက်ပိုတဲ့ တတ်မြောက်သင့်တဲ့ အရာတွေကိုပါ ထည့်သွင်း သင်ပြပေးသွားမှာဖြစ်ပါတယ်။ မိတ်ဆွေဟာ လက္ခဏာပညာကို ဂဃနဏနားလည်ပြီး ခြေခြေမြစ်မြစ် တတ်မြောက်ထားချင်တယ်ဆိုရင်တော့ ဒီသင်တန်းကို တက်ရကျိုးနပ်မှာသေချာပါတယ်။ ဘာတွေသင်ပြမလဲဆိုတာကတော့ ခေါင်းစဉ်တွေကို အရင်လေ့လာကြည့်ပေါ့ဗျာ ... တချို့အကြောင်းအရာတွေကတော့ ခေါင်းစဉ်ကြည့်ရုံနဲ့ မသိနိုင်ပေမယ့် လောလောဆယ် သင်တန်းဝင်ခွင့်မရသေးသူတွေအတွက်ကတော့ ခေါင်းစဉ်ကသာ အရေးပါပါလိမ့်မယ်။