ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 400,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $276.62 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။
သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။
ဒါတွေကို Biorhythm က ဖြေရှင်းပေးပါတယ်။ ဒါဟာ သိပ္ပံပညာတစ်ရပ်တော့ မဟုတ်ပါဘူး။ ဒါကို (Pseudoscience) လို့ခေါ်ပါတယ်။ ဗေဒင်ပညာရပ်တွေလိုပဲ ခန့်မှန်းတဲ့ အတတ်ပညာတစ်ခုပေါ့ဗျာ ... ဗေဒင်ပညာနဲ့ မတူတာကတော့ ဒီပညာမှာက လူတိုင်းအတွက် သတ်မှတ်ထားတဲ့ ဇီ၀စက်ဝန်းတွေရှိနေပါတယ်။ ဒါကို ကျနော်ကတော့ သံသရာလို့ နာမည်ပေးထားပါတယ်။အဲဒီ သက်ဆိုင်ရာစက်ဝန်းအလိုက် ကျနော်တို့ရဲ့ ဇီ၀ဖြစ်စဉ်တွေဟာ တိုးတက်ပြောင်းလဲနေပါတယ်ဆိုတဲ့ အယူအဆတစ်ရပ်အပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတာပါ။
အခြေခံအားဖြင့် ... သူမှာ ... ရုပ်စက်ဝန်း၊ စိတ်စက်ဝန်း၊ ဉာဏ်စက်ဝန်းဆိုတဲ့ ပင်မစက်ဝန်းကြီးသုံးခုရှိပါတယ်။
အဲဒါ ပင်မစက်ဝန်းကြီးရဲ့ အားသာချက်ပါပဲ ... ဒါတွေကို ဒီသင်တန်းမှာ လေ့လာရမယ့်အပြင် ... အဲဒီ ပင်မစက်ဝန်းကြီးကနေ ခွဲထွက်လာတဲ့ ... အောက်ပါစက်ဝန်းကြီး လေးခုအကြောင်းကိုပါ ထပ်မံသင်ကြားခွင့်ရပါလိမ့်မယ်။