ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 550,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $380.24 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။
သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။
အင်္ဂဝိဇ္ဇာဗေဒင်ပညာနဲ့ပတ်သက်ပြီး အခြေခံကနေ စပြီး အဆင့်မြင့်မြင့် တွေးခေါ်တတ်တဲ့ အထိ သင်ပြပေးသွားမယ့်သင်တန်းတစ်ခုဖြစ်ပါတယ်။ တွေးခေါ်နည်း၊ ယူဆနည်း၊ ဟောပြောနည်းတွေကို ဦးစားပေးသင်ပြပေးမယ့် သင်တန်းဖြစ်ပြီး သာမန်ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင်တချို့ကိုသာ ထည့်သွင်းသင်ကြားပေးပါမယ်။ ဓာတ်ရိုက်ဓာတ်ဆင်၊ အထူးပြုအစီရင်တွေအတွက် "အင်္ဂဝိဇ္ဇာယတြာဓာတ်ရိုက်ပညာ" မှာ ဆက်လက်သင်ကြားနိုင်ပါတယ်။ ဒီသင်တန်းဟာ Tarot Diploma Course သင်တန်း Certificate ရထားပြီးသူတွေအတွက် ( အခမဲ့သင်တန်း ) ဖြစ်ပြီး Certificate မရထားသူတွေကတော့ သက်ဆိုင်ရာနှုန်းထားအလိုက် သင်တန်းကြေးပေးသွင်းရမှာဖြစ်ပါတယ်။