ဒီသင်တန်းကို မြန်မာနိုင်ငံကနေဝယ်ယူချင်တာမျိုးဆိုရင် 600,000 ကျပ် ကျသင့်မှာဖြစ်ပြီး တခြားနိုင်ငံကနေဝယ်ယူလိုပါက ဩဇီဒေါ်လာ $414.78 ကျသင့်မှာဖြစ်ပါတယ်။ မိမိလက်ရှိနေထိုင်ရာနိုင်ငံအလိုက် ငွေကြေးဖြင့် ပေးချေရမှာဖြစ်ပါတယ်။ မဝယ်ခင် သင်တန်းရဲ့စည်းမျဉ်း ( Rules ) တွေကိုလည်း အရင်ဖတ်ထားပါ။ မြန်မာနိုင်ငံမှ ဝယ်ယူလိုသူများသည် ငွေပေးချေရန် ကျနော့် Viber +61 406 867 708 သို့ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်။
သင်တန်းကြေးပေးသွင်းပြီးသူတိုင်းသည် Basic ( အခြေခံအသင်းဝင်အဆင့် ) ကိုအလိုအလျှောက်ရရှိမှာဖြစ်ပြီး အသင်းဝင်ကြေး လစဉ်ကြေး ( 30,000 ) ကျပ် ( $21.03 ) ကိုဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဒါဟာ သင်ခန်းစာဆက်လက်လေ့လာနေတဲ့ ကာလအတွက်ဖြစ်ပြီး အချိန်မရွေး ရပ်ဆိုင်းခွင့်ရှိပါတယ်။ ရပ်ဆိုင်းပါက သင်ခန်းစာဖတ်ရှုခွင့်၊ အနာဂတ်သင်ကြားခွင့်များအားလုံး ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်မြှင့်ချင်သူများက အောက်ပါအတိုင်း ဆက်လက်တိုးမြှင့်နိုင်ပါတယ်။
ဓာတ်ရိုက်ဓာတ်ဆင်ဆိုရင် အင်္ဂဝိဇ္ဇာပညာကို လက်လွှတ်လို့မရတတ်ပါဘူး။ ဒီသင်တန်းမှာတော့ အင်္ဂဝိဇ္ဇာပညာရပ်ထဲက ထူးခြားတဲ့ အယူအဆတွေနဲ့ ထက်မြက်တဲ့ ဓာတ်ရိုက်ဓာတ်ဆင်နည်း ပရိယာယ်တွေကို ကောင်းစွာ သင်ကြားပေးထားပါတယ်။ အင်္ဂဝိဇ္ဇာကျမ်းတွေမှာ မပါတဲ့ "နှုတ်မှသည် နားဆီသို့" ဆိုတဲ့ လျှို့ဝှက်ထားတဲ့ နည်းလမ်းတွေရဲ့ အခြေအမြစ်ကိုလည်း ကောင်းစွာ ရှင်းလင်းပြောပြပေးထားပါတယ်။ ဒီသင်တန်းဟာ Certificate ရထားသူတွေအတွက် သီးသန့် သင်တန်းဖြစ်ပါတယ်။ မဟုတ်ပါက သင်တန်းဝင်ရောက်ခွင့်ပေးမည်မဟုတ်ပါ။