ပေးအပ်ထားသော Certificate သည် ကျွန်ုပ်သုတဆန်းမှ ကိုယ်တိုင်စစ်ဆေးစမ်းသပ်ပြီး၍ ဤသူသည် ပညာပြည့်၀ခြင်း၊ စိတ်သဘောထားကောင်းမွန်ခြင်း၊ ပညာအပေါ်လေးစားခြင်း စသည့်ဂုဏ်တို့နှင့်ပြည့်စုံသည်ဟု ဆုံးဖြတ်မိသည့်အားလျော်စွာ ယုံကြည်စိတ်ချစွာဖြင့် ထုတ်ပေးလိုက်ခြင်းဖြစ်ပါသည်။
Certificate ရရှိထားသူအားလုံးသည် မိမိနာမည်ဂုဏ်ကို ထိန်းသိမ်းရန် တာဝန်ရှိပြီး ပညာတရပ်ကို မိမိနားလည်တတ်ကျွမ်းထားသည့်အတိုင်း ဆက်လက်တိုးတက်အောင် လေ့လာဆည်းပူးနေဖို့ တာဝန်ရှိပါသည်။
ဤ Certificate ရရှိထားခြင်း၏ သဘာ၀မှာ ( ကျွန်ုပ်သုတဆန်း၏ တပည့်ဖြစ်သည် ) ဟု ဆိုလိုနေခြင်းမဟုတ်ပါ။
( ကျွန်ုပ်သုတဆန်းထံမှ ပညာသင်ယူအောင်မြင်ထားသူ ) ဟုသာ အဓိပ္ပါယ်သက်ရောက်ပါသည်။
အောက်ဖော်ပြပါ အပြုအမူများကြောင့် ပေးအပ်ထားသော Certificate အား ကျွန်ုပ်မှ အချိန်မရွေး ပြန်လည်သိမ်းဆည်းနိုင်ကြောင်းနှင့် သက်ဆိုင်ရာ တိုင်းပြည်၊ ဒေသ တည်ဆဲဥပဒေများအရပါ တရားစွဲဆိုနိုင်ကြောင်း အထူးသတိပြုပါ။ အောက်ပါအချက်အလက်များကို အချိန်မရွေး ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ထပ်မံတိုးချဲ့ခြင်း ပြုလုပ်သွားနိုင်ကြောင်း သတိပြုပါ။