မရှိပါ။ မိမိဝယ်ယူထားသော Course များကိုသာ သင်ယူခွင့်၊ ဆွေးနွေးမေးမြန်းခွင့်ရှိမှာဖြစ်ပါတယ်။ အသင်းဝင်အဆင့်သည် မိမိဝယ်ယူထားသော Course မှ အဆင့်မြင့်သင်ခန်းစာများကိုသင်ယူခွင့်၊ လစဥ်ကြေးပေးဆောင်ခွင့်အတွက်သာ ရည်ရွယ်ပါတယ်။
ရှိပါတယ်။ မိတ်ဆွေက Master အသင်းဝင်တစ်ယောက်အတွက် ဝယ်ယူထားတဲ့ မည်သည့် Course မဆို Full Version အဖြစ် ဖတ်ရှုလေ့လာ၊ သင်ယူခွင့်ရရှိမှာ ဖြစ်ပါတယ်။
မဟုတ်ပါ။ ဝယ်ယူလိုတဲ့ သင်တန်းအတွက် သင်တန်းကြေးကိုသာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ လစဉ်ကြေးဆိုတာက သင်ယူလိုတဲ့ ကာလအတွက်သာ အကျုံးဝင်ပါတယ်။ သတ်မှတ်လစဉ်ကြေးပေးထားရင် မည်သည့် ဝယ်ယူထားတဲ့ Course ကို မဆို လစဉ်ကြေးပေးထားတဲ့ ကာလအတွင်းမှာ ဖတ်ရှုလေ့လာခွင့်ရနေမှာဖြစ်ပါတယ်။
လစဉ်ကြေးမပေးတော့ဘူးဆိုရင် ဝယ်ထားတဲ့ Course တိုင်းကို ဝင်ရောက်လေ့လာခွင့်၊ သင်ယူခွင့်၊ မေးမြန်းခွင့် မရှိတော့ပါဘူး။ ဝယ်ထားတဲ့ သင်တန်းတိုင်းဟာ လစဉ်ကြေးပေးဆောင်ဖို့ ပျက်ကွက်ထားတဲ့ ရက်ပေါင်း ၃၀ အထိ တည်ရှိနေမှာဖြစ်ပြီး သင်တန်းကြေး ပြန်လည်ပေးသွင်းတာနဲ့ ပုံမှန်ဆက်လက်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ရက် ၃၀ အတွင်း လစဉ်ကြေး ထပ်မံပေးဆောင်ခြင်းမရှိပါက ဝယ်ယူထားတဲ့ သင်တန်းအားလုံး ပျက်စီးသွားမှာဖြစ်ပါတယ်။ ပြန်လည်သင်ယူခွင့်ရဖို့ သင်တန်းဝယ်ယူခြင်း အဆင့်တွေကို ပြန်လည် ပြုလုပ်ရမှာဖြစ်ပါတယ်။
ဒီ သင်တန်း Web စနစ်ဟာ သင်ခန်းစာတိုင်းကို စဉ်ဆက်မပြတ် လေ့လာနိုင်အောင်၊ သင်ယူနိုင်အောင် အထူးပြုလုပ်ထားပါတယ်။ ဒါကြောင့် သင်တန်းကာလပြီးဆုံးခြင်းဆိုတာမျိုးဟာ မရှိနိုင်ပါဘူး။ ပညာအသစ်ရတိုင်း မျှဝေပေးခြင်း၊ သင်ကြားပို့ချခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် မည်သည့် သင်တန်းမဆို သတ်မှတ်သင်ရိုးအရ စိတ်ချရလောက်ပြီဆိုရင် လိုအပ်သလို စစ်ဆေးမေးမြန်းပြီး အောင်လက်မှတ် ( Certificate ) ကို သက်ဆိုင်ရာ သင်တန်းအလိုက် ပေးအပ်သွားမှာဖြစ်ပါတယ်။ သင်တန်းများစွာကို တက်ရောက်ထားသူဖြစ်ပါက အထူးအောင်လက်မှတ် ( Special Certificate ) များကိုပါ ပေးအပ်သွားမှာပါ။ သင်တန်း Web သဘောတရားက "သင်ယူချင်သလောက် သင်ယူခွင့်" ရမယ့် သဘောမျိုးဖြစ်ပြီး "သင်ယူချင်စိတ်မရှိပါက အချိန်မရွေး ရပ်ဆိုင်းခွင့်" ရှိမယ့်သဘောတရားပါ။
လောလောဆယ်တော့ Online ငွေကြေးဆိုင်ရာ လုံခြုံရေးနည်းလမ်းအရ Paypal အကောင့်နဲ့သာ ချိတ်ဆက်ပေးထားပါတယ်။ မိတ်ဆွေဘက်က Paypal အကောင့်မရှိပေမယ့်လည်း ကျနော်လက်ရှိ အသုံးပြုထားတဲ့ Paypal နည်းလမ်းမှာ မိတ်ဆွေရဲ့ Debit ဒါမှမဟုတ် Credit Card တွေနဲ့ပါ ချိတ်ဆက်ပြီး ငွေလွှဲပြောင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ နောက်ပိုင်းတော့ သီးခြား ငွေလွှဲပေးပို့မှုဆိုင်ရာ နည်းလမ်းတွေကို ကျနော် သုံးမှာပါ။ လောလောဆယ်တော့ Paypal စနစ်တခုကိုပဲ ပံ့ပိုးပေးနိုင်ပါသေးတယ်။
ဘယ်သင်တန်းကိုပဲ တက်တက် ... သင်ခန်းစာတိုင်းကို အခြေခံကနေစပြီး အဆင့်မြင့်လာတဲ့အထိ လေ့လာနိုင်အောင် သင်ပြပေးထားပါတယ်။ နားမလည်တဲ့ သင်ခန်းစာတိုင်းကိုလည်း သက်ဆိုင်ရာ သင်ခန်းစာအောက်မှာ Comment ရေးပြီး မေးမြန်းထားနိုင်ပါတယ်။ အမြန်ဆုံး ရှင်းလင်းဖြေကြားပေးပါမယ်။ သတိပြုဖို့ကတော့ မဆိုင်တဲ့ သင်ခန်းစာကနေ မေးနေတာမျိုးဆိုရင်တော့ ဖြေပေးမှာမဟုတ်တဲ့အပြင် မဆီမဆိုင်မေးတဲ့ မေးခွန်းကိုပါ Delete လုပ်မှာဖြစ်ပါတယ်။
အသင်းဝင်တစ်ယောက်ဟာ မိမိဝယ်ယူထားတဲ့ သက်တမ်းအလိုက် ဖတ်ရှုခွင့်၊ လေ့လာခွင့်၊ သင်ယူခွင့်တွေကို ရရှိနေမှာဖြစ်ပြီး ဘယ်တော့ သက်တမ်းကုန်မလဲဆိုတာကို အတိအကျ သိနိုင်ဖို့ ... Menu Bar ကနေတဆင့် ... မိမိနာမည်၊ Profile Page ကို အဆင့်ဆင့်ဝင်ကြည့်ပေးရပါတယ်။ ဥပမာ ... Welcome, THUTASANN [Admin] => Profile
သင်တန်းရဲ့ Rule အရ ... လစဉ်ကြေးပေးခြင်း၊ မပေးခြင်းအပေါ် အခြေခံထားပါတယ်။ ဆက်ပြီး လေ့လာသည်ဖြစ်စေ၊ မလေ့လာသည်ဖြစ်စေ ... လစဉ်ကြေးပေးသွင်းထားခြင်း မရှိကြောင်း ... ရက်ပေါင်း ၃၀ ကြာမှ သိရှိရပါက အကောင့်ကို ဖျက်သိမ်းလိုက်မှာဖြစ်ပြီး ပြန်လည်တက်ရောက်ချင်ပါက သင်တန်းကို ပြန်လည်ဝယ်ယူရမှာဖြစ်ပါတယ်။
ဗေဒင်ပညာ၊ လောကီပညာကို ဝါသနာပါလို့ လေ့လာချင်တာမျိုးက သင်တန်းတက်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဒီပညာနဲ့ တကယ်ရပ်တည်ချင်တဲ့ သူတွေရမယ့် အခွင့်အရေးနဲ့တော့ နည်းနည်းကွာခြားနိုင်ပါတယ်။
ခွင့်ပြုချက် ပေးမထားပါ။ အချိန်မရွေး အကောင့်ပိတ်သိမ်းခံရနိုင်ပါတယ်။
Level အမြင့်ဟာ Level အနိမ့်သင်ခန်းစာတွေကိုပါဖတ်ခွင့်ရှိပါတယ်။ ဘယ် Level မှာပဲရောက်နေနေ လက်ရှိ Level အတွက် လစဥ်ကြေးကိုသာ ပေးရပါမယ်။ ကျန်တာတွေ ပေးစရာမလိုပါဘူး။
ပုံမှန်အားဖြင့် ခွင့်ပြုပါတယ်။ သို့သော် အဆင့်ပြန်လည်မြှင့်ချင်လာတဲ့အခါ အဆင့်မြှင့်ခွင့်ပြုမှာမဟုတ်တော့ပါဘူး။ မိမိနှစ်သက်ရာ Level မှာ နေထိုင်ခွင့်ရှိပါတယ်။
ရပါတယ်။
အဆင့်မြှင့်လိုက်တဲ့ Level ကို လက်ရှိသက်တမ်းကုန်မှသာ စတင်မှာမို့ ဘာမှဖြစ်မသွားပါဘူး။
Level တစ်ခုကို မြှင့်ချင်တယ်ဆိုရင် အသိပေးပါ။ သင်တန်းအလိုက် လေ့လာထားမှုတွေအပေါ်စစ်ဆေးပြီးတာနဲ့ မြှင့်တင်ခွင့်ပြုမပြုကို အကြောင်းပြန်ပါမယ်။ ခွင့်ပြုချက်ရတဲ့အခါ သက်ဆိုင်ရာ Level အတွက် လစဥ်ကြေးကို ၆ လစာကြိုတင် ပေးသွင်းရမှာဖြစ်ပါတယ်။ နောက်ပိုင်း တစ်လခြင်းစီ ပေးသွင်းသွားနိုင်ပါတယ်။
လောလောဆယ်တော့ Discount အစီအစဥ်မရှိသေးပါဘူး။